ချမ်းသာသော/သူတို့/အား သတိပေးခြင်း
5
ချမ်းသာသော/သူတို့… နားထောင်ကြလော့။ သင်တို့/အပေါ် ကျရောက်လာမည့် ဒုက္ခဆင်းရဲခြင်း/ကြောင့် အော်ဟစ်/ငိုကြွေးကြလော့။ 2 သင်တို့/၏/စည်းစိမ်ဥစ္စာများ/သည် ဆွေးမြည့်/၍ သင်တို့/အဝတ်အစားများ/သည်လည်း ပိုးကိုက်စား/ခံကြရပြီ။ 3 သင်တို့/၏/ရွှေငွေများ/သည် အကြေးအညှိ/တက်/၍ ပျက်စီးလေပြီ။ ထို/အကြေးအညှိ/သည် သင်တို့/ကို တရားခွင်/၌ စွပ်စွဲမည့် သက်သေ/ဖြစ်/ပြီး သင်တို့/၏/ကိုယ်ခန္ဓာ/ကို မီး/ကဲ့သို့ လောင်ကျွမ်း/ပျက်စီးစေ/လိမ့်မည်။ သင်တို့/သည် နောက်ဆုံးသော/နေ့ရက်များ/၌ စည်းစိမ်ဥစ္စာများ/ကို သိုထားကြလေပြီ။ 4 နားထောင်ကြလော့။ သင်တို့/လယ်/၌ ကောက်ရိတ်သော လုပ်သားတို့/ကို သင်တို့/သည် လုပ်အားခ မပေးဘဲ/နေသောကြောင့် ထို/လုပ်အားခများ/သည် အော်ဟစ်ကြ၏။ ကောက်ရိတ်သော/သူတို့/၏ အော်ဟစ်သံ/ကိုလည်း ကောင်းကင်ဗိုလ်ခြေ/အရှင် ထာဝရဘုရား/ကြားတော်မူပြီ။5 သင်တို့/သည် ဤ/လောက/တွင် စည်းစိမ်ခံစား/လျက် ဇိမ်ကျကျ နေကြပြီ။ အသတ်/ခံကြရမည့်/နေ့/အတွက် မိမိ/ကိုယ်ကိုယ်a ဆူဖြိုး/အောင် ကျွေးမွေးခဲ့ကြပြီ။ 6 သင်တို့/ကို မဆန့်ကျင်သည့်/ဖြောင့်မတ်သောသူတို့/ကို သင်တို့/သည် အပြစ်စီရင်/၍ သတ်ကြပြီ။
အဆုံး/တိုင်အောင် သည်းခံခြင်း
7 ညီအစ်ကို/မောင်နှမတို့b… သခင်ဘုရား/ကြွလာတော်မူသည်/အထိ စိတ်ရှည်/သည်းခံကြလော့။ လယ်သမား/ကို ကြည့်လော့။ သူ/သည် လယ်/၏ အဖိုးတန်/ထွက်ကုန်များ/ကို မိုးဦး/နှင့် မိုးနှောင်း ရွာသည်/အထိ စိတ်ရှည်/စွာ စောင့်မျှော်/တတ်၏။ 8 မကြာမီ သခင်ဘုရား/ကြွလာတော်မူမည် ဖြစ်/သောကြောင့် သင်တို့/သည်လည်း စိတ်ရှည်သည်းခံ/၍ တည်ကြည်/လျက် နေကြလော့။
9 ညီအစ်ကို/မောင်နှမတို့… အပြစ်စီရင်ခြင်း မခံရ/ရန် အချင်းချင်း အပြစ်တင်/၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သော/အရှင်/သည် တံခါးဝ/တွင် ရပ်နေတော်မူ၏။
10 ညီအစ်ကို/မောင်နှမတို့… ထာဝရဘုရား/၏/နာမတော်/ကို အမှီပြု/၍ ဟောပြောသော ပရောဖက်များ/၏ စံနမူနာ/ကို ယူကြလော့။ သူတို့/သည် ဆင်းရဲဒုက္ခ/ရောက်/စဉ် စိတ်ရှည်/သည်းခံခဲ့ကြ၏။ 11 အဆုံး/တိုင်အောင် စိတ်ရှည်/သည်းခံသော/သူတို့/သည် မင်္ဂလာရှိသည်/ဟု ကျွန်ုပ်တို့/ယူဆ၏။ ယောဘ/၏/စိတ်ရှည်/သည်းခံမှု/အကြောင်း/ကို သင်တို့/အားလုံး ကြားကြပြီ။ ထာဝရဘုရား/သည် သနား/ကြင်နာခြင်း/နှင့် ကရုဏာ/အပြည့်/ရှိ/သောကြောင့် အဆုံး/တွင် ယောဘ/ကို မည်သို့/ကြည့်ရှုသည်/ကိုလည်း သင်တို့/သိကြပြီ။
12 ညီအစ်ကို မောင်နှမတို့… အထူး/သဖြင့် ကောင်းကင်/ကို/ဖြစ်စေ၊ မြေကြီး/ကို/ဖြစ်စေ၊ အခြား/အရာ/ကို/ဖြစ်စေ တိုင်တည်/၍ မကျိန်ဆိုကြနှင့်။ ဟုတ်/လျှင် ဟုတ်ကြောင်း၊ မဟုတ်/လျှင် မဟုတ်ကြောင်း ပြောကြလော့။ သို့မှသာ အပြစ်စီရင်တော်မူခြင်း/နှင့် ကင်းလွတ်/နိုင်လိမ့်မည်။
ဆုတောင်းခြင်း/တန်ခိုး
13 သင်တို့/တွင် ဆင်းရဲဒုက္ခ/ရောက်သော/သူ/ရှိ/လျှင် ဆုတောင်းစေ။ ရွှင်လန်းသောသူ/ရှိလျှင် ချီးမွမ်း/သီချင်းဆိုစေ။ 14 သင်တို့/တွင် အလွန်/နာမကျန်း/ဖြစ်သောသူ ရှိ/လျှင် အသင်းတော်/အကြီးအကဲများ/ကို ခေါ်စေ။ သူတို့/သည်လည်း သခင်ဘုရား/၏ နာမတော်/ကို အမှီပြု/၍ လူနာ/အား ဆီလိမ်း/ကာ ဆုတောင်းပေးကြစေ။ 15 ယုံကြည်ခြင်း/ဖြင့် ဆုတောင်းခြင်း/သည် လူနာ/ကို ကျန်းမာစေ/၍ သခင်ဘုရား/သည် သူ့/ကို နာလန်ထ/စေတော်မူ/လိမ့်မည်။ ထို/သူ/သည် အပြစ်/ကျူးလွန်ခဲ့မိ/လျှင်လည်း ခွင့်လွှတ်တော်မူခြင်း/ကို ခံရ/လိမ့်မည်။ 16 ထို့ကြောင့် သင်တို့/သည် ကျန်းမာခွင့်/ရ/ရန် မိမိတို့/၏/အပြစ်များ/ကို အချင်းချင်း ဖွင့်ဟ/ဝန်ခံ/လျက် အချင်းချင်း/အတွက် ဆုတောင်းပေးကြလော့။ ဖြောင့်မတ်သောသူ/၏/ဆုတောင်းခြင်း/သည် အလွန်/တန်ခိုးကြီး/၍ ထိရောက်၏။ 17 ဧလိယ/သည် ကျွန်ုပ်တို့/ကဲ့သို့ပင် လူသား/တစ်ဦး/ဖြစ်၏။ သူ/သည် မိုး/မရွာ/စေရန်/အတွက် စိတ်အားထက်သန်/စွာ ဆုတောင်း/သောအခါ သုံးနှစ်/နှင့် ခြောက်လ/တိုင်တိုင် အစ္စရေးပြည်/၌ မိုးမရွာခဲ့။ 18 တဖန် သူ/သည် ဆုတောင်း/သောအခါ ဘုရားသခင်/သည် ကောင်းကင်/မှ မိုး/ကို ရွာ/စေတော်မူ/သဖြင့် မြေကြီး/သည် အသီးအနှံတို့/ကို ဖြစ်ထွန်းစေ၏။
19 ညီအစ်ကို/မောင်နှမတို့… သင်တို့/ထဲမှ တစ်စုံတစ်ဦး/သည် သမ္မာတရား/လမ်း/မှ လွဲသွား/၍ အခြားသူ/တစ်ဦး/က သူ့/ကို လမ်းမှန်/သို့ ပြန်လည် ခေါ်ဆောင်လာ/လျှင် 20 အပြစ်ရှိသောသူ/ကို မှားယွင်းသော/လမ်း/မှ ပြန်လည်/ခေါ်ဆောင်လာသောသူ/သည် ထို/အပြစ်သား/၏ စိတ်ဝိညာဉ်/ကို သေခြင်း/မှ ကယ်တင်/၍ သူ/၏ အပြစ်/များစွာ/ကို သခင်ဘုရား/ခွင့်လွှတ်/ပေးတော်မူ/စေရန် ဆောင်ရွက်သူ/ဖြစ်ကြောင်း သူ/သိမှတ်ပါစေ။
ရှင်ယာကုပ်/ဩဝါဒစာ ပြီးပါပြီ။